Saturday, February 9, 2013

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း မြစ်ကြီးနားသို့ရောက်ရှိ



ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း နှင့် အခြား တိုင်းရင်းသားလွှတ်တော်အမတ် များ ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် မြစ်ကြီးနားသို့ လေ့လာရေးခရီးအနေနှင့် ရောက်ရှိခဲ့သည်။

“ကျွန်တော်တို့အတွက်အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင် တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ဖို့လိုပါတယ်။ အေးဒါဆိုရင် အမျိုးသားများ ပြန်လည် သင့်မြတ်ဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ အားလုံးတူတူလုပ်ကြရမှာပဲဖြစ်ပါတယ်။ တချိန်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြီးခဲ့တဲ့ဟာတွေကို သင်ခန်းစာယူပြီးတော့ နောင် မကောင်းတာတွေ ထပ် မဖြစ်အောင် ကောင်းတာတွေကို ပဲမှန်ကန်အောင် လုပ်သွားဖို့အချိန်ကျရောက်ပါပြီ။” ဟု လွှတ်တော်ဥက္ကဌက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ တွင် ပြုလုပ်ခဲ့သော လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်လူထုများ၏ စိတ်ထဲမှာရှိတဲ့ ခံစားချက်များ လိုအပ်ချက်များ နှင့် အခက်အခဲတွေကို အခု လွှတ်တော် ဥက္ကဌတို့ ရောက်ခိုက် ပွင့်ပွင့်လင်းလင်း တင်ပြဖို့မျော်လင့်ကြောင့် လွှတ်တော် ဥက္ကဌတို့ဖက်မှ လည်း တတ်နိုင် သလောက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပိုတာအိုတို့ရောက်ခဲ့ပြီး ညနေပိုင်းမှ မြစ်ကြီးနားသို့ပြန်လာကာ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းသို့ပထမဆုံးသွားရောက်ခဲ့သည်။ ပြီးနောက် မြစ်ကြီးနားမြို့တော်ခန်းမဆောင်တွင် ဒေသခံပြည်သူ လူထု များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

Related Posts Plugin for WordPress, Blogger...
 
Copyright (c) 2010 MYANMAR STATESMAN. Design by မီးပြတိုက်

IT Share, MDSNG And MYANMAR GAZETTE.